Print

မျက်နှာပြင်ကိုဘယ်လိုနှိပ်နယ်ပေးမလဲ

  01-Mar-2017
Preview Image

 

မျက်နှာပြင်ကို နှိပ်နယ်ပေးတာက အရေပြားထိန်းသိမ်းမှုအပိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်လို့ နေပါတယ်။ နံနက် (ဒါမှမဟုတ် ညအိပ်ခါနီး) moisturizer အသုံးမပြုမီ မျက်နှာကို နေ့စဉ်နှိပ်နယ်ပေးမယ်ဆိုရင် ကိုယ်ရောစိတ်ပါ လန်းဆန်းမှုကို ခံစားရစေမှာပါ။ ကြာမြင့်သင့်တဲ့ အချိန်ကတော့ ၁၀ မိနစ် လောက်ပါပဲ။

 

ဘယ်လိုနှိပ်နယ်ပေးရမလဲ …
• နှိပ်နယ်တဲ့အခါ ကရင်(မ်) တစ်မျိုးမျိုးကို များများအသုံးပြုဖို့ လိုအပ်ပါတယ်။ 


• လည်ပင်းအရင်းကနေစတင်ပြီး အပေါ်ကိုပင့်ကာ မေးစေ့ထိပ်ဖျား နေရာအထိ၊ အဲဒီနောက်မှာမှ မေးရိုးတစ်လျှောက်နှိပ်နယ်ပေးရပါမယ်။ နှိပ်နယ်မှုပြုလုပ်တဲ့အခါ လက်တစ်ဖက်ချင်းစီကို ရှေ့နောက်တစ်လှည့်စီကို အသုံးပြုသွားပေးရမှာပါ။ လက်ငါးချောင်းစလုံးကို အသုံးပြုပြီး ဆယ်ကြိမ်လောက်ပြုလုပ်ပေးရပါမယ်။


• ပြီးတဲ့အခါမှာ လက်မနဲ့လက်ခလယ် နှစ်ချောင်းတည်းနဲ့ မေးရိုးတွေ တစ်လျှောက် နောက်ပြန်ပွတ်ဆွဲပေးတာမျိုး အကြိမ်များများ ပြုလုပ်ပေးရပါဦးမယ်။


• မေးစေ့နှစ်ထပ်ဖြစ်တာကို ကာကွယ်ပြီး၊ သွေးလည်ပတ်မှု ကောင်းစေအောင်လို့ လက်ဖနောင့်နှစ်ဖက်နဲ့ မေးစေ့ကို အသာပုတ်တာမျိုးခပ်များများ ပြုလုပ်ပေးရပါတယ်။

 

အကျိုးကျေးဇူးများ
• မျက်နှာပြင်ကို နှိပ်နယ်ပေးတာက လည်ပင်းပိုင်းနဲ့ မျက်နှာပိုင်းမှာရှိတဲ့ ကြွက်သားတွေ ကို သန်မာလာစေနိုင်ပါတယ်။


• ဒါ့အပြင် သွေးလည်ပတ်မှုကို အားကောင်းစေရုံသာမကဘဲ စိတ်ဖိစီးမှုကြောင့် ဖြစ်နေ တဲ့ သွေးကြောနဲ့ အသားတင်းမာနေတာကိုပါ သက်သာစေနိုင်ပါတယ်။ 


• မျက်နှာပြင်နှိပ်နယ်ပေးတာက အရေပြားဆဲလ် အဟောင်းတွေကို ကွာကျစေပြီး၊ အရေပြားကို တင်းရင်းစေကာ အသွေးအရောင်လှပလာစေနိုင်ပါတယ်။


• နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ ချွေးပေါက်ပိတ်တာတွေကို ပွင့်စေပြီး၊ အရေပြားအမျှင်တွေကို သာမန်ဖြစ်လာစေနိုင်ပါတယ်။

 
• မျက်နှာပြင်နှိပ်နယ်ပေးတဲ့ အခါမှာ မျက်ဝန်းတစ်ဝိုက်က အရေပြားကိုတော့ ချန်လှပ်ပေးဖို့ လိုပါတယ်အဲဒီနားက အရေပြားတွေဟာ ပါးလွှာလို့ နှိပ်နယ်ပေးဖို့ မသင့်ပါဘူး။ ဒါကြောင့်မို့ လုံးဝနှိပ်နယ်ခြင်း မပြုမိဖို့ သတိပေးလိုက်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Junior
Health for all magazine, September 2015, No.104, Pg.63



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18